Sunday, October 25, 2015
ဦးသန်းဆင့်(နေလင်းအီလက်ထရွန်းနစ်)
ဦးသန်းဆင့်(နေလင်းအီလက်ထရွန်းနစ်
ဒီနေ့ရေးပြီးသလောက်လေးတင်ပေးလိုက်ပါတယ်ခင်ဗျား
Credit>>>to
pdf file တော့မလုပ်ရသေးလို့
ss ပုံလေးတွေတင်ပေးလိုက်ပါတယ်
ကျနော် အားတဲ့အချိန် pdf file လေးလုပ်ပြီး
ပြန်တင်ပးပါ့မယ်
အဆင်ပြေပါစေ
အောက်ကပုံတွေကြည့်ပြီးလေ့လာကြပါ
ကျေးဇူးတင်ပါတယ်
Android ပေါ်မှ လက်တွေ့သုံးနည်းပညာ (အတွဲ ၁)
Android ပေါ်မှ လက်တွေ့သုံးနည်းပညာ (အတွဲ ၁)
===================================
     Author(s): သန်းထိုက် (ရွှေရိပ်)
    Type: Myanmar Books
    Category: ကွန်ပျူတာ / အင်တာနက်
    No of Pages: 233
    Binding: Paperback
    Publication Month Year: Mar-2012
    Size: 19 cm x 26 cm
    Description: Smart Phone အမျိုးမျိုးနှင့် Tabletအမျိုးမျိုးတွင် အများဆုံး ထည့်သွင်းထားတတ်သည့် Android နှင့် ပတ်သက်၍ ရှင်းလင်းထားသော ဤစာအုပ်တွင် Rootလုပ်နည်း အမျိုးမျိုး၊ မြန်မာစာသွင်းနည်း၊ GPSမြေပုံကူးထည့်နည်းနှင့် အသုံးတည့် Applicationများ ထည့်သွင်းပုံများကို လက်တွေ့လုပ်ဆောင်ပုံများနှင့်တကွ ရှင်းလင်းထားသော စာအုပ်ဖြစ်သည်။
Credit ပေးပါတယ်
အောက်က link မှာ ဒေါင်းယူနိုင်ပါတယ်
***ဒီမှာဒေါင်းယူနိုင်ပါတယ်***
အဆင်ပြေပါစေ
ကျေးဇူးတင်ပါတယ်
The Myanmar's Android by Bo Sunny Lwin
The Myanmar's Android by Bo Sunny Lwin
=================================
Android အကြောင်း၊
Root အကြောင်း၊
Android နဲ့ Zawgyi အကြောင်း၊
Android ICS အထက်မှာ မြန်မာစာမမှန်တဲ့အကြောင်း၊
Bootloader အကြောင်း၊
ClockworkMod အကြောင်း၊
ADB အကြောင်း အတိုချုပ်ရေးသားထားတဲ့စာအုပ်ဖြစ်ပါတယ်။
Creditပေးပါတယ်
လေးစားလျက်ပါ
®®®Download Link®®®
အဆင်ပြေပါစေ
iPhone, iPadနှင့် iPod အမျိုးမျိုးတို့ကို ထဲထဲဝင်ဝင် နှိုက်နှိုက်ချွတ်ချွတ် ကလိချင်သူများ၊ i Devicesသုံးသူများ မသိမဖြစ် သိထားသင့်သည့် ဗဟုသုတများ၊
Author(s): သန်းထိုက် (ရွှေရိပ်)
    Type: Myanmar Books
    Category: ကွန်ပျူတာ / အင်တာနက်
    No of Pages: 176
    Publication Month Year: Dec-2012
iPhone, iPadနှင့် iPod အမျိုးမျိုးတို့ကို ထဲထဲဝင်ဝင် နှိုက်နှိုက်ချွတ်ချွတ် ကလိချင်သူများ၊ i Devicesသုံးသူများ မသိမဖြစ် သိထားသင့်သည့် ဗဟုသုတများ၊ အသုံးဝင် applicationများအကြောင်းကို အခန်း ၁၀ ခန်းခွဲကာ လုပ်ဆောင်ပုံအဆင့်ဆင့် သရုပ်ဖော်ပုံများနှင့်တကွ အသေးစိတ် ရှင်းလင်းရေးသားထားသော စာအုပ်ဖြစ်သည်။
Credit>>>
အောက်ကကြိုက်ရာလင့်မှာ ဒေါင်းယူပါ
®®®Download Link®®®
               OR
®®®Download Link®®®
အဆင်ပြေပါစေ
Android Application ရေးသားဖန်တီးခြင်းဆိုင်ရာ အခြေခံသဘောတရားများ
Android Application ရေးသားဖန်တီးခြင်းဆိုင်ရာ အခြေခံသဘောတရားများ
==================================================
     Author(s): ၀င်းဟိန်း (B.C.Tech UCSY)
    Type: Myanmar Books
    Category: ကွန်ပျူတာ / အင်တာနက်
    No of Pages: 109
    Publication Month Year: Nov-2011
Androidကို အသုံးပြုသော Mobileဖုန်းများအတွက် ပရိုဂရမ်များ၊ applicationရေးနည်းများကို ရှင်းလင်းထားသော စာအုပ်ဖြစ်သည်။ Android Applicationများ ရေးသားနည်းကို အခြေခံမှစ၍ တစ်ဆင့်ပြီးတစ်ဆင့် လေ့လာဖတ်ရှုကြရမည်ဖြစ်သည်။ Android Applicationများ ရေးသားရာတွင် သိထားရမည့် အခြေခံသဘောတရားများကို နားလည်သဘောပေါက်သွားစေမည့်အပြင် Javaနှင့် C / C++တို့ကို Smart Deviceများတွင် မည်သို့မည်ပုံ ဆက်စပ်အသုံးချပုံနှင့် Linuxနှင့် Javaတို့ကို C / C++တို့နှင့် ဘယ်လို ယှဉ်တွဲအလုပ်လုပ်သည်ဆိုတာကိုပါ သိရှိသွားစေမည့် စာအုပ်ဖြစ်သည်။
Credit ပေးပါတယ်
အောက်မှာ ဒေါင်းယူပါ
®®®Download Link®®®
or
Download link
အဆင်ပြေပါစေ
Microsoft Access 2010 ဖြင့် Database Program ရေးဆွဲခြင်း
Microsoft Access 2010 ဖြင့် Database Program ရေးဆွဲခြင်း
=========================================
Microsoft Access 2010 ဖြင့် Database Program ရေးဆွဲခြင်း ဆိုတဲ့ စာအုပ်လေးကို ရှာဖွေပြီးတင်ပေးလိုက်ပါတယ်။
Download Link
Microsoft Access 2002 (ကကကွန်)
==============================
ကကကွန် က ရေးသားထားတဲ့ Microsoft Access 2002 version လေးပါပဲ။
Download Link
Credit>>>
အဆင်ပြေပါစေ
Android Application ရေးသားနည်းစာအုပ်
Android Application ရေးသားနည်းစာအုပ်
==============================
Android application ရေးသားလိုတဲ့ beginner များအတွက် ရည်ရွယ်ထားတဲ့ တောင်ငူ နည်းပညာတက္ကသိုလ်က ဆရာမ ဒေါ်ထားထားလွင် ရေးသားတဲ့ Android Application ရေးသားနည်းစာအုပ် လေးပါ။
credit>>>
အောက်မှာ ဒေါင်းယူနိုင်ပါတယ်
>>>Download Link<<<
အဆင်ပြေပါစေ
Saturday, October 24, 2015
တဦးချင်းဆီ Message Box ပိတ်နည်း
တဦးချင်းဆီ Message Box ပိတ်နည်း
မင်္ဂလာပါ
ကျနော်အခုတင်ပေးမှာကတော့ fb သုံးသူတိုင်း အသုံးဝင်စေမဲ့ နည်းလေးပါ
ဒီနည်းကို ကျန်တဲ့ ဆရာများလည်းတင်ပြီးပါပြီလို့ထင်ပါ
သိပြီးသူများကတော့ ကျော်သွားပေါ့ဗျာ
မသိသေးသူများအတွက် တင်ပေးလိုက်ပါတယ်
သင့်ကို message box ကနေလာပြီး ပြဿနာလာပေးနေသူတွေ သင်စကားမပြောချင်သူတဲ့သူတွေ ကိုဒီနည်းလေးအတိုင်း အသုံးပြုပြီး လုပ်ဆောင်ပေးခြင်းဖြင့် သင့်အတွက် ဒီနည်းလေးက အသုံးဝင်မယ်ထင်ပါတယ် ဒီနည်းအတိုင်း ပိတ်ထားလိုက်ရင် သူ့ဘက်ကလည်း စာပို့ မရသလို သင့် ဘက်ကလည်း ပို့လို့မရပါဘူး free call ခေါ်ဆိုခြင်းလည်း ခေါ်ဆို၍မရပါ
သင်က ပြန်ဖွင့်ပေးမှသာ စာ ပြန်ပို့လို့ရပါမယ် ဖြစ်ပါတယ်
သင်ကပြန်ဖွင့်ပေးချင်တယ်ဆိုရင်တော့ ပုံ ၄ ထဲကအတိုင်း  block လေးကိုနှိပ်ပြီး အပေါ်က on/of လေးကိုပြောင်းပေးရုံပါဘဲ
သိမ်းထားချင်သူများအတွက် pdf ဖိုင်လေးလုပ်ပေးထားပါ
အောက်မှာဒေါင်းယူနိုင်ပါတယ်
massage block
ဒီမှာဒေါင်းယူနိုင်ပါတယ်
အဆင်ပြေပါစေ
Complete Network Guide (Zaw Lin-Youth)
Complete Network Guide (Zaw Lin-Youth)
=================================
ဆရာ ဦးဇော်လင်း ရေးသားတဲ့ Complete Network Guide စာအုပ်လေးပါ။
Credit>>>>
အဆင်ပြေပါစေ
ဒီမှာ ဒေါင်း ယူပါ
Beginner's Guide to Network Guide (မျိုးသူရ)
Beginner's Guide to Network Guide (မျိုးသူရ)
==================================
ဆရာ ဦးမျိုးသူရ ရဲ့ ကွန်ပျူတာမှ ကွန်ယက်ဆီသို့ တည်ဆောက်အသုံးပြုခြင်းနှင့် အခြေခံသဘောတရားများ အကြောင်းကို အသေးစိပ်ရေးသားထားတဲ့ စာအုပ် ဖြစ်ပါတယ်။
Credit>>>>
Download Link
အဆင်ပြေပါစေ
Friday, October 23, 2015
PC Management (Myo Thura)
PC Management (Myo Thura)
========================
ဆရာ ဦးမျိုးသူရ ရဲ့ လွယ်ကူလေ့လာ PC Computer Management စာအုပ် လေးပါ။ ကွန်ပျူတာသုံးသူတိုင်း ကြုံတွေ့ရလေ့ရှိတဲ့ အဖြစ်များသော ပြဿ
နာများကို ကိုယ်တိုင်ဖြေရှင်းတတ်အောင် ထုတ်နှုတ်ဖော်ပြပေးထားပါတယ်။
Credit>>>
အောက်မှာ ကြိုက်ရာ link က ဒေါင်းယူပါ
Download Link
       or
Download Link
       or
Download Link
အဆင်ပြေပါစေ
Easy Computer Basic (လွယ်ကူလေ့လာ အခြေခံကွန်ပျူ တာ)
Easy Computer Basic (လွယ်ကူလေ့လာ အခြေခံကွန်ပျူ တာ)
===========================================
ဆရာ ဦးမျိုးသူရ ရေးသားထားတဲ့ Easy Computer Basic စာအုပ်ပါ။ လူသုံးများတဲ့ Desktop Hardware များအကြောင်း၊ Windows Vista အကြောင်းနဲ့ တတ်ကျွမ်းထားသင့်တဲ့ Application software များအကြောင်း အသုံးပြုပုံများကို အပိုင်းလိုက် ခွဲခြားဖော်ပြပေးထားပါတယ်။
credit>>>>
အောက်က ကြိုက်ရာ link မှာ download ယူပါ
Download Link
       or
Download Link
        or
Download Link
အဆင်ပြေပါစေ
Facebook Safely Guide (လုံခြုံစိတ်ချစွာ facebook အသုံးပြုခြင်း)
Facebook Safely Guide (လုံခြုံစိတ်ချစွာ facebook အသုံးပြုခြင်း)
==============================================
ဆရာ မင်းသန့်အောင် ရေးသားထားတဲ့ စာအုပ်ကောင်းလေးပါ။ Facebook ရဲ့ ကောင်းခြင်းတွေကို ခံစားပြီး ဆိုးခြင်းကို ကာကွယ်နိုင်အောင် အလွယ်ကူဆုံး နဲ့ အရှင်းလင်းဆုံးရေးသားထားတဲ့ စာအုပ်ဖြစ်ပါတယ်။
credit>>>
ကြိုက်ရာ link မှာ ဒေါင်းယူနိုင်ပါတယ်
download link
      or
download link
      or
download link
အဆင်ပြေပါစေ
Using Internet & E-mail Update (အင်တာနက်နှင့် အီးမေးလ် လွယ်ကူစွာ အသုံးပြု ခြင်း (မျိုးသူရ)
Using Internet & E-mail Update (အင်တာနက်နှင့် အီးမေးလ် လွယ်ကူစွာ အသုံးပြု ခြင်း (မျိုးသူရ)
====================================================
ကမ္ဘာကြီးဟာ ဘယ်အခြေအနေပဲ ရောက်နေရောက်နေ၊ ဘယ်သူတွေနဲ့ ဘယ်လောက်ပဲ ဝေးနေဝေးနေ အင်တာနက် အသုံးပြုသူတိုင်း သိကြတယ် ဆိုတဲ့ ဆရာ မျိုးသူရ ရေးသားထားတဲ့ အင်တာနက်နှင့်အီးမေးလ် လွယ်ကူစွာအသုံးပြု
နည်းစာအုပ်ကောင်း တစ်အုပ်ဖြစ်ပါတယ်။
credit>>>>
အောက်က ကြိုက်ရာ link မှာ down ယူပါ
download link
      (or)
download link
       (or)
download link
အဆင်ပြေပါစေ
Photoshop ၏ လျှို့ဝှက်ချက်များ (ဦးအောင်နိုင်မော်)
Photoshop ၏ လျှို့ဝှက်ချက်များ (ဦးအောင်နိုင်မော်)
====================================
ဆရာ ဦးအောင်နိုင်မော် ရေးသားထားတဲ့ စာအုပ်ပါ။ Photoshop ကို စတင် လေ့လာကြမဲ့သူများအတွက် ရိုးရှင်းလွယ်ကူသော ပုံစံများဖြင့် အခြေခံ ကျကျ တင်ပြထားတဲ့ စာအုပ်ကောင်းလေးတစ်အုပ်ပါ။
credit>>>>
အောက်က ကြိုက်ရာ link မှာ down နိုင်ပါတယ်
***download link***
          (or)
***download link***
           (or)
***download link***
အဆင်ပြေပါစေ
Tuesday, October 20, 2015
Android စက်ဖွင့်နည်း ၅ နည်း
Android စက်ဖွင့်နည်း ၅ နည်း
~~~~~~~~~~~~~~~~~~~~~~~~~
Android Phone တစ်လုံးမှာ Mode (၅)မျိုးရှိပါတယ်
(၁)Power mode
(၂)Charging mode
(၃)Recovery mode
(၄)Bootloader mode(or)Downloading
     mode(or)fastboot mode
(၅)Adb mode တို့ဘဲ ဖြစ်ကြပါတယ်
(၁)Power modePower mode ဆိုတာကတော့ ပါဝါဖွင့်ဖွင့်ချင်း စတတ်တဲ့ mode ကို ပါဝါ modeလို့ ခေါ်ပါတယ်
(၂)Charging modeCharging mode ကတော့ ဖုန်း ကို ပါဝါပိတ်ပြီး အားသွင်းရင်charger လေး ဖုန်းမှာ ပြေးနေပါလိမ့်မည် အဲဒါကို Charging mode လို့ခေါ်ပါတယ်
(၄)Bootloader mode(or)Downloading mode(or)Fastboot modebootloader mode ကို ဘယ်မှာ သုံးလဲဆိုရင်တော့ Huawei မှာသုံးပါတယ်ဒီကောင်ကို ဘာလို့ခေါ်သေးလဲဆိုရင် Fastboot mode လို့ခေါ်ပါသေးတယ်Vol Down + Power လေး နှိပ်လိုက်တာနဲ့ Huawei Logo လေးမှာ ရပ်နေပါလိမ့်မည် အဲကောင်လေးကို bootloader mode(or)Fastboot mode လို့ခေါ်ပါတယ် Downloading mode ကျတော့ Samsung မှာ အသုံးများပါတယ်Vol Down+ Home +Power key ကိုနှိပ်ပြီး Vol Up ကိုတစ်ချက်နှိပ်လိုက်တာနဲ့စက်ရုပ်ပုံစံလေးနဲ့ Downloading mode လေးပေါ်နေတာကို Downloading modeလို့ခေါ်ပါတယ် Fastboot mode ကျတော့ Sony,Huawei,Htc တွေမှာ အသုံးများပါတယ်
(၅)ADB modeADB ဆိုတာကတော့ Android debug bridge လို့ အဓိပ္ပါယ်ရပါတယ်bridge ဆိုတာကတော့ developerသမားတွေ အလုပ်လုပ်တဲ လုပ်ဆောင်ချက်တွေကိုရည်ညွန်းတဲ့သဘောဖြစ်ပါတယ် အဲဒါကြောင့်မို့adb ဆိုတာကတော့ PC Comment Lineတွေပေါ်မှာ အဓိက လုပ်ဆောင်တာ ဖြစ်ပါတယ်.အလွယ်ပြောရရင် USB debuging on ထားတယ်ကွန်ပြူတာနဲ့ ဖုန်းနဲ့ သိတယ်ဆိုရင် အဲဒါကို ADB mode လို့ခေါ်ပါတယ်။
အဆင်ပြေပါစေ
credit>>>
Window 7 အတွက် Auto run ပိတ်နည်း
Window 7 အတွက် Auto run ပိတ်နည်း
မိမိရဲ့ Computer လေး Virus မကိုက်အောင် တားဆီးနည်းထဲက တစ်မျိုး
အပါအ၀င်ဖြစ်ပါတယ်....
အခု Auto Run ပိတ်နည်းလေးကိုပြောပြပါမယ် ..ကဲ .. ကျွန်တော်တို့ သူ့ကို Group Policy ကနေ၀င်ပြင်ပါမယ် ၊       Run Box ကနေ gpedit.msc  လို့ရိုက်ထည့်လိုက်ပါ ၊ Local Group Policy Editor ဆိုပြီး ပေါ်လာပါမယ်  User Configuration အောက်က Administrative Templates ကိုဝင်လိုက်ပါ ၊ ပြီးတော့ Windows Components ကိုထပ် ၀င်လိုက်ပါ ၊အဲဒီမှာ AutoPlay Policies ဆိုတာ ရှိလိမ့်မယ် .. သူ့ကို Click လိုက်ပါ  ပြီးတော့ ညာဖက်ကို ကြည့်လိုက်ပါ ညာဖက်မှာ Turn Off Autoplay ဆိုတာရှိလိမ့်မယ် ၊သူ့ကို Double Click လိုက်ရင် Window တစ်ခုပေါ်လာမယ် .. ၊ အဲဒီမှာ Enabled ကိုရွေးပေးလိုက်ပါ  .. ၊ ဒါဆိုရင်ရပါပြီ ။ ပုံထဲက အတိုင်းပါပဲ ။ အကြီးမြင်ချင်ရင် Click လိုက်ပါ ။
သူက DVD Drive တွေ တစ်ခြား Removable media Drives တွေကို Autorun Disable လုပ်ပေးပါလိမ့်မယ် ..
သူ့ကို နဂိုအတိုင်းပြန်ထားချင်ရင်တော့ ခုနကအတိုင်းပြန်သွားပြီး Disabled ပြန်လုပ်ပေးလိုက်ရုံပါပဲ .. ၊။။။
အားလုံးအဆင်ပြေပါစေခင်ဗျာ......
credit>>>
Monday, October 19, 2015
*ကွန်ပျူတာနှင့် အိုင်တီကို ကိုယ်တိုင် လေ့လာရာတွင် အသုံးဝင်မည့် နည်းလမ်းများ*
*ကွန်ပျူတာနှင့် အိုင်တီကို ကိုယ်တိုင် လေ့လာရာတွင် အသုံးဝင်မည့် နည်းလမ်းများ*
ကွန်ပျူတာနဲ့ အသက်မွေးဝမ်းကျောင်းပြုတဲ့ Programmer, Software Developer, Network Engineer, Designer စတဲ့သူတွေ မဟုတ်ခဲ့ရင်တောင် ကွန်ပျူတာနဲ့ မကင်းနိုင်ပါဘူး။ ဒီနေရာမှာ ကျွန်တော့်ကို ကွန်ပျူတာနဲ့ အိုင်တီကို Self Study လုပ်ဖြစ်သွားစေတဲ့ အတွေးလေး တစ်ခုကို ဝေမျှချင်ပါတယ်။
“ ပိုက်ဆံရှိရင် ကွန်ပျူတာ ၀ယ်လို့ရတယ်။
တနည်းအားဖြင့် ပိုက်ဆံရှိရင် ကွန်ပျူတာဆိုတာ ရှိနိုင်တယ်။
ဒါပေမဲ့ ပိုက်ဆံရှိတိုင်း ကွန်ပျူတာ သင်ပေးနိုင်တဲ့သူ မတွေ့ နိုင်ဘူး။ မရှိနိုင်ဘူး။ ကွန်ပျူတာ ရှိတိုင်းလည်း ကွန်ပျူတာ သင်ပေးနိုင်တဲ့သူ မတွေ့နိုင်ဘူး။ မရှိနိုင်ဘူး။ ကွန်ပျူတာ
ရှိတဲ့နေရာတိုင်းမှာ သင်ပေးနိုင်တဲ့သူ မရှိနိုင်ဘူး။ ကိုယ်လုပ်နိုင် သလောက် လေ့လာရင် လေ့လာသလောက်ကိုယ်ပြန်ရမယ်…”
ဒါဟာ ကျွန်တော့်ရဲ့ ပုဂ္ဂလိက ခံယူချက်ဖြစ်ပြီး အခွင့်သာ တိုင်းလည်း အခြားသူများကို ပြောပြခဲ့ပါတယ်။ ကျွန်တော့်ရဲ့
ကွန်ပျူတာကို ထိတွေ့၊ သုံးစွဲ၊ လေ့လာနေဆဲ အတွေ့အကြုံများ၊ လေ့လာနည်းများကို အခြေခံပြီး “ကွန်ပျူတာကို ဘယ်လိုလေ့လာရမလဲ”
(How to Learn or Self Study about Computer and IT?) မေးခွန်းကို အခုလို ကိုယ့်ဘာသာကိုယ် ပြန်ဖြေ ကြည့်ပါတယ်။ အောက်မှာ ဖော်ပြထားတာလေးတွေက အတိုချုံးလေးတွေ ဖြစ်ပြီးတော့ အသေးစိပ်ကို နောင်မှာ ဆက်လက် ဝေမျှ သွားမှာပါ။
*Self-Studying – ကိုယ်တိုင် လေ့လာခြင်း*
ကွန်ပျူတာကို အခြေအနေပေးရင် ပေးသလို၊ အဆင်ပြေရင် ပြေသလို၊ အရူးအမူး လေ့လာပါ။ ကွန်ပျူတာ အကြောင်းကို အမြဲတမ်း စိတ်ဝင်စားပါ။ (ချစ်သူရည်းစားကို စိတ်ဝင်စား သလောက် ကွန်ပျူတာကို စိတ်ဝင်စားပါ။ သို့သော် ချစ်သူ ရည်းစားကို ထည်လဲပြောင်းသလိုတော့ ကွန်ပျူတာကို ထည်လဲ မပြောင်းပါနှင့်။ – အစပိုင်းတွင် Windows, Mac, Linux စသည့် OS တစ်ခုခုကို ရင်းနှီးအောင်သုံးတတ်စေရန် ဆိုလိုပါသည်။)ကွန်ပျူတာ ကိုင်ရသည် ဖြစ်စေ၊ မကိုင်ရသည် ဖြစ်စေ ကွန်ပျူတာနှင့် ပတ်သက်သည်များကို လေ့လာနေပါ။
(အလွန်အရေးကြီးပါသည်။) ကိုယ့်ဘာသာကိုယ် လေ့လာရတာ မလွယ်ပါ။ သို့သော် အလေ့အကျင့်ရသွားလျင်တော့ မခက် တော့ပါ။
*IT Social Networking – အိုင်တီ အပေါင်းအသင်း မိတ်ဆွေများ*
ကွန်ပျူတာကို မိမိကဲ့သို့ အရူးအမူး စိတ်ဝင်စားသူများနှင့် မိတ်ဆွေဖွဲ့ပါ။ထိုမိတ်ဆွေများနှင့်အတူ မိမိ သိထားသည်များကို ဖောက်သည်ချ ဝေမျှပေးပြီး၊ မသိသေးသည်များကို မေးမြန်းပါ။ တစ်ပြိုင်တည်းမှာပင် မိမိအတွက် အသုံးဝင်သည့် နည်းလမ်းများ (Tips and Tricks)၊ လေ့ကျင့်ရေး သင်ခန်းစာများ(Tutorials) နှင့် အသုံးချဆော့ဖ်ဝဲများ (Application Software) ကို မှတ်သားခြင်း၊ စုဆောင်းထားခြင်းများ ပြုလုပ်ပါ။
*Having Good Moral – စေတနာကောင်းထားပါ*
အခြားသူများကိုလည်း ဖလှယ်ပါ။ ဝေမျှပါ။ (ကိုယ်ရသလို ကိုယ်သိသလို သူများကိုလည်း သိစေချင်၊ ရစေချင်သည့် စေတနာကောင်းသည် လူတိုင်းတွင် မရှိသည့်၊ လူတိုင်းထားရှိ မွေးမြူသင့်သည့် စိတ်ဓါတ်ကောင်းတစ်ခု ဖြစ်ပြီး၊ ကိုယ်တိုင် လေ့လာသင်ယူမှု (Self study) အတွက် နှင့် ပတ်ဝန်းကျင် အတွက် အလွန်ပင် အထောက်အကူပြုလေသည်။)
*Learning by Internet – အင်တာနက်မှ လေ့လာခြင်း*
အင်တာနက် သုံးခွင့်ရသည့် နေရာတွင် အင်တာနက်ကို ရအောင်သုံးပါ။ အင်တာနက်သုံးရသည့် အချိန်တွင် မည်သည့် အကြောင်းအရာများကို လေ့လာမည် ရှာဖွေမည်ကို – အင်တာနက် သုံးခွင့် မရသေးသည့် အချိန်များတွင် ကြိုတင် ပြင်ဆင် မှတ်သားထားပါ။ သို့မှသာ အင်တာနက် တကယ် သုံးခွင့်ရသည့် အချိန်တွင် ထိရောက်စွာ၊ အကျိုးရှိရှိ သုံးနိုင်မည်။
*Using Search Engines – ရှာဖွေရေး ၀က်ဘ်ဆိုက်များကို သုံးခြင်း*
Search Engine များကို သုံးတတ်အောင် လေ့လာပါ။ အင်တာနက်ထဲတွင် လှိုင်းစီးနိုင်ရန် (Internet Surfing)၊ အချိန်တိုအတွင်း လိုရာခရီးအမြန်ရောက်နိုင်ရန်အတွက် Search Engine များသည် တစ်ဦးချင်းစီ၏ အသုံးချ နိုင်စွမ်းအပေါ် မူတည်ပြီး (လိပ်တစ်ကောင် ဖြစ်နိုင်သလို)
ဒုံးပျံတစ်စင်းကဲ့သို့လည်း လိုရာခရီးသို့ လျင်မြန်စွာ ရောက်ရှိစေရန် ကူညီပေးနိုင်သည်။ Using Search Keywords Effectively – သော့ချက်စကားလုံးများကို ထိရောက်စွာ သုံးခြင်း Search Keywords များကလည်း အင်တာနက်ထဲမှ လိုရာ သတင်းအချက်အလက်များကို အမြန်ဆုံးရရှိစေရန် များစွာ အထောက်အပံ့ ဖြစ်စေသည်။
သော့ချက်စကားလုံးများကို မှန်ကန်စွာ သုံးတတ်မှ အင်တာနက်တွင် ရှာဖွေမှု မြန်ဆန်မည် ဖြစ်သည်။
Participating at Internet Forums အင်တာနက် စကားဝိုင်းများ (Internet Forums) မှတဆင့် အခြား သူများ ကြုံနေရသည့် အခက်အခဲများ ပြဿနာများကို ကြိုတင်လေ့လာသိရှိထားနိုင်သည်။ မိမိတို့၏ ပြဿနာများကို အများသို့ ဝေမျှ အသိပေး အကူအညီတောင်းနိုင်သည်။ ထို့ထက် အဆင့်မြင့်လာပါက ကိုယ်တိုင် ဦးဆောင်ပါဝင် ဆွေးနွေးလာနိုင်မည်။
*Wikipedia – အခမဲ့ အွန်လိုင်း စွယ်စုံကျမ်း*
အခမဲ့ အွန်လိုင်း စွယ်စုံကျမ်း (Wikipedia)ကို အင်တာနက် သုံးသူတိုင်း လက်မလွှတ်သင့်ပါ။ တခါတရံ မသိသေးသည့် အကြောင်းအရာသစ် တစ်ခုကို စတင်လေ့လာရတော့မည့် အခါတွင် ဘယ်ကစလေ့လာရမှန်း မသိ၊ ဘယ်လို ၀က်ဘ်ဆိုက် တွေမှာ သွားကြည့်ရမည်ကို မသိသေးလျင် ၀ီကီပီဒီယ မှာ
အရင်သွားကြည့်ပြီးမှ ဆက်လုပ်လို့ အဆင်ပြေသည်များ ကြုံဖူးပါသည်။
*Reading by RSS – RSS ဖြင့် စာဖတ်ပါ*
သွားချင်သည့်၊ စိတ်ဝင်စားသည့် ၀က်ဘ်ဆိုက်ပေါင်း 30 ရှိပြီး အင်တာနက်သုံးခွင့်ရသည့် အချိန်နှင့်ငွေကြေးအင်အားက တစ်နေ့လျင် တစ်နာရီစာသာ အခွင့်အရေးရသည်ဆိုပါစို့။ ထိုအခြေအနေအတွက် ထိုဝက်ဘ်ဆိုက်ပေါင်း 30 သို့ တစ်ခုချင်းစီ သွားဖတ်နေမည့်အစား ၄င်းဆိုက်များမှ ပေးထားသည့် RSS Feed များကို နှစ်သက်ရာ RSS Reader (Google Reader, Great News Portable RSS Reader, etc) ဖြင့် ဖတ်ရှုခြင်းက အချိန်နှင့် ငွေကြေးကို အထိရောက်ဆုံးကို အသုံးချရာရောက်သည့်
အပြင် စိတ်ရောလူရော လွယ်ကူ သက်သာစေသည်။
*Learning at Training Schools – သင်တန်းများ တက်ခြင်း*
သင်တန်းတက်နိုင်လျင်၊ သင်တန်း တက်ခွင့်ကြုံလျင် သင်တန်းတက်ပါ။ တခါတရံတွင် ကိုယ်တိုင်အကြာကြီး လေ့လာမှ သိရမည့် အရာများကို သင်တန်းများတွင် မိနစ်ပိုင်းလောက်မျှနှင့် သိရှိနားလည်သွားနိုင်သည်။
KMD မှာ Basic Networking တစ်ခုတက်ဖူးပါတယ်။ အဲဒါကလည်း အမှန်အတိုင်းပြောရရင်တော့ Cabling ကို သိချင်လို့ပါ။ RJ-45 ခေါင်းနဲ့ Cat-5 ကြိုးတွေ ချိတ်ဆက်တာကို စာဖတ်ကြည့်ရုံနဲ့ မရ လက်တွေ့လည်း
သိမှ ဖြစ်တော့မှာမို့ သွားတက်ဖြစ်တာ။ သင်တန်းတိုင်း မကောင်းနိုင်ပေမဲ့ တက်ဖြစ်တဲ့ သင်တန်းမှန်သမျှမှာ ရသမျှ အရင်းအမြစ်တွေ ကို ထိရောက်အောင် သုံးနိုင်ဖို့ အရေးကြီးပါတယ်။ အဲဒါမှ သင်တန်း တက်ရကျိုး အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းရကျိုးတွေ နပ်မှာပါ။ သင်တန်းမှ သင်ရိုးများ၊
လေ့ကျင့်ခန်းများ၊ နည်းပြ ဆရာ/ဆရာမများ၊ အတူတက်နေသူ များဟာ အကောင်းဆုံး အရင်းအမြစ်တွေပါပဲ။ Using OSF (Open Source Free) Softwares အခမဲ့ရသည့် အပွင့်ဆော့ဖ်ဝဲများကို သုံးပါနိုင်ငံတကာတွင် သွားရောက် အလုပ်လုပ်ရန်၊ သို့မဟုတ် နိုင်ငံခြားသားများနှင့် ယှဉ်တွဲ အလုပ်လုပ်ရန်၊ သို့မဟုတ် လိပ်ပြာသန့်စွာ ၊ ဘေးရန်ကင်းစွာ နေထိုင်နိုင်ရန်အတွက် အလကား ရသည့်ဆော့ဖ်ဝဲမှန်သမျှကို သုံးခြင်းထက်၊ အလကားရသည့် အပွင့်ဆော့ဖ်ဝဲများ (ကျွန်တော်က Open Source Free (OSF) Software များဟု ကိုယ့်ဘာသာ အမည်ပေးထားသည်။) ကို ထိထိရောက်ရောက် အသုံးချနိုင်စေရန် ကြိုးစားပါ။
ကိုယ်တိုင်လေ့လာရတယ်ဆိုတာ ခရီးကြမ်းတစ်ခုပါ။ မလွယ်ပါဘူး။ လူတိုင်းလည်း ရေရှည် မလျောက်နိုင်ပါဘူး။ ဒါပေမဲ့ လူတိုင်း၊ အထူးသဖြင့် ဘ၀မှာ ပညာကို ချစ်ခင် မြတ်နိုးသူတိုင်း တစ်ခုခုကို ကိုယ်တိုင်လေ့လာကြည့်ဖို့ ကြိုးစားသင့်ကြပါတယ်…။ ရလာတဲ့ မြင်ရတဲ့ အကျိုးဆက်တွေ၊ မမြင်ရတဲ့ အကျိုးဆက်တွေကိုတော့ ဘာသာရပ်တစ်ခုခုကို ကိုယ်တိုင်လေ့လာ သင်ယူလေ့ကျင့်ဖူးသူတိုင်း ခံစားနားလည် သိရှိနိုင်မှာပါ . . .
Credit : https://mandalaygazette.com
Copyright @ 2015